ကုန်သွယ်ခွန်ကိစ္စကြောင့် နှစ်နိုင်ငံအတင်းမာဆုံးအခြေအနေ ရောက်ရှိပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနှင့် အမေရိကန် နှစ်နိုင်ငံကြားရှိသည့် သမိုင်းဝင် အွန်တာရီယိုရေကန်ကြီးကို အမေရိကရေကန်ဟု နာမည်ပြောင်းခေါ်ရန် အမိန့်ထုတ်ခဲ့ပြီးနောက် iPhone ရှိ Apple Map မြေပုံတွင်ပါ ယင်းရေကန်ကြီးအမည်အား အမေရိကရေကန်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်သည်။
ပြီးခဲ့သည့်လက အမေရိကန်နှင့် ကနေဒါတို့ ပို့ကုန်အခွန်သတ်မှတ်မှုအတွက် ဆွေးနွေးရာတွင် အမေရိကန် ဘက်မှ တောင်းဆိုမှုသည် အလွန်အမင်းမဖြစ်နိုင်ဖွယ်ရာ အခြေအနေကြောင့် ကနေဒါဘက်က လက်မခံဘဲ ဒေါ်လာနှင့် ဒေါ်လာချင်း ယှဉ်ပြိုင်သွားမည်ဟုဆိုကာ ဆွေးနွေးပွဲ ဖျက်သိမ်းခဲ့သည်။
ထို့နောက် အမေရိကန်က ကနေဒါ၏ အမေရိကသို့ တင်သွင်းသည့် တစ်နှစ်ဒေါ်လာ ဘီလီယံ ၂၀ တန်သွင်းကုန်များကို အခွန် ၅၀ ရာခိုင်နှုန်း အထိကောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ကနေဒါဘက်မှ ၅၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသဖြင့် အွန်တာရီယိုကန်ဟု အမည်ပေးခွင့်ရထားသော ယင်းရေကန်ကြီးအား အမေရိကရေကန်ဟု ပြောင်းလဲခေါ်ဆိုရန်နှင့် သက်ဆိုင်ရာဌာနများက ရက် ၃၀ အတွင်း ထိုအမည်ကို ပေးကြရမည်ဟု ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်ပိုင်းကပင် အမိန့်ထုတ်ခဲ့သည်။
အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Google က အွန်တာရီယိုရေကန်ကို အမေရိကရေကန်ဟု ပြောင်းလဲ သတ်မှတ်ပြီးနောက် Apple Apps များတွင်လည်း အမေရိကရေကန်ဟု အမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
သို့သော် အမေရိကန်ပြည်တွင်းအခြေစိုက် အသုံးပြုသူများအတွက်သာ ထိုရေကန်အား အမေရိကရေကန်ဟု မြင်တွေ့ရပြီး ကနေဒါရှိ အသုံးပြုသူများမှာမူ အွန်တာရီယိုရေကန်အဖြစ်သာ ဆက်လက်မြင်တွေ့ရသည်။
ဒေါ်နယ်ထရမ့်သည် ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် AI ဖြင့်ဖန်တီးထားသော ဗီဒီယိုများစွာတင်ကာ အွန်တာရီယို ရေကန်ဆိုသည့် အမှတ်အသားအား ကန်ကျောက်နေသည့် ဗီဒီယိုလည်းပါဝင်ပြီး ထိုအမှတ်အသားနေရာတွင် “အမေရိကရေကန်မှ ကြိုဆိုပါ၏”ဆိုသည့် အမှတ်အသားပြောင်းတင်ခဲ့သည်။
ကနေဒါဘက်ကလည်း ယင်းရေကန်နှင့် ပတ်သက်ပြီး “လက်ရှိရော ထာ၀ရပါ အွန်တာရီယိုရေကန်” ဟု တုံ့ပြန်ဖော်ပြခဲ့သည်။
Ref:BBC